Note:

ယခု ဆောင်းပါးသည် Taungoo City Blog မှ ပြန်လည်ကူးယူတင်ပြခြင်း ဖြစ်ပါသည်။ ထိုစဉ်ကာလက ၂၀၀၈ ခုနှစ်ဖြစ်သောကြောင့် ယင်းကာလ၏ အတွေးအမြင်ဆောင်းပါးတစ်ခုသာ ဖြစ်ပါသည်။ ယနေ့ခေတ်တောင်ငူတန်ဆောင်တိုင်တွင် မြို့တည်နန်းတည် နှစ်ငါးရာပြည့်မှစတင်ပြီး နိုင်ငံကျော်စေသော အစဉ်အလာအဖြစ် ဝန်းခင်းလာခဲ့သောကြောင့် နှစ်ကျိပ်ရှစ်ဆူအာရုဏ်ခံအလှူသည်လည်း အားနည်းလာခဲ့ပါသည်။ တန်ဆောင်မုန်းလဆန်း (၁၃) ရက်တွင် အစဉ်အလာမပျက်စေတဲ့ ဘုရားအလှပြကားများ ပူဇော်လှည့်လည်ပွဲအတွက် အားထုတ်ကြိုးစားရခြင်း၊ မြို့တည်နန်းတည် ဝန်းခင်းသဘင်ပွဲများအတွက် ကာယ ဉာဏ စိုက်ထုတ်ကာ အင်အားထည့်ရခြင်းတွေအတွက် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားများ အာရုဏ်ခံ အလှူခံထွက်ရန် အင်အားနည်းလာရသည်ကို နားလည်မိပါသည်။ သို့သော်လည်း ကျွန်တော်တို့ ငယ်စဉ်ကာလက အလှူခံထွက်ရခြင်းအပေါ် လွမ်းဆွတ်တမ်းတမိသောကြောင့် ယခုဆောင်းပါးအား ပြန်လည်ဖော်ပြရခြင်းဖြစ်ပါသည်။

 

တောင်ငူသမိုင်းအကျဉ်းနဲ့မင်းဆက်များ

မင်္ဂလာပါ.....
တောင်ငူဘလော့တစ်ခုအဖြစ်တည်ဆောက်ထားပြီး အခြေအနေအရပ်ရပ်ကြောင့် တောင်ငူအကြောင်းတွေကို မတင်ပြနိုင်တာ ကျွန်တော်တို့အနေနဲ့အလုပ်ကလေးတွေ မအားလပ်ကြလို့ပါ။
တောင်ငူဟာ ဒုတိယမြန်မာနိုင်ငံကိုစတင်မွေးဖွါးရာလို့ သမုတ်ကြပါတယ်။ ဒီ့အတွက် တောင်ငူမြို့ပတ်လည်မှာ အတိတ်ရဲ့ရှေးဟောင်းအမွေအနှစ်အနည်းငယ်ကျန်ခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိမှာလည်း သမိုင်းသုတေသီ၊ မြန်မာစာသုသေတီများကလည်း ဟိုဖွေဒီရှာနဲ့ တော်တော်လေးကိုစုဆောင်းမိတာတွေရှိပါတယ်။ ဒီအကြောင်းတွေကို ရေးသားဖို့အတွက် သက်ဆိုင်ရာပညာရှင်များကိုလည်း အကူအညီတောင်းထားပါတယ်။ ပထမဦးစွာ တင်ပြမယ့်စာကတော့ “တောင်ငူသမိုင်းအကျဉ်းနဲ့မင်းဆက်များ” ပဲဖြစ်ပါတယ်။ ထုတ်နှုတ်မှုကတော့ ကျွန်တော်ဂျီတီစီတက်တုန်းက ပါဝင်လှုပ်ရှားကမကထလုပ်ခဲ့ရတဲ့ "Student's Review" စာစောင်ထဲကပဲဖြစ်ပါတယ်။ ဒီစာစောင်ထဲမှာ ကျောင်းကဆရာတစ်ယောက်ကနေပြီး ရေးသားထားတဲ့ ဆောင်းပါးကို ပြန်လည်ထုတ်နှုတ်ခြင်းပဲ ဖြစ်ပါတယ်။ ကလောင်ရှင်နံမည်ကတော့ “ကောင်းထက်လွင်”ပါ။ မူရင်းအရေးမှာ အင်္ဂလိပ်ဘာသာသာဖြစ်ပါသဖြင့် ၎င်းအတိုင်းပဲ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

ဒီတောင်ငူရာဇဝင်အကျဉ်းချုပ်ကိုဆရာဦးအောင်ခင်ရေးသားတဲ့မြတ်စောညီနောင်စေတီတော်သမိုင်းနှင့် တောင်ငူရာဇဝင်စာအုပ်မှပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။

 

တောင်ငူရာဇဝင် (၁)


သက္ကရာဇ်(၅၅၃)ခုနှစ်တွင်၊ပုဂံမင်း(၄၈)ဆက်မြောက် နရပတိစည်သူမင်းသည်၊ တိုင်းခွင်လှည့်လည်တော်မူလာရာ၊ ဤအရပ်သို့ရောက်လေသော်အနန္ဒသူရိယအမတ် ရန်မန်ထွေးကို ဇေယျသင်္ခမင်းသား၏နှမတော်နှင့်စုံဖက်၍ (၅၅၆) ခုနှစ်တွင် ဆွာချောင်း၏မြောက်ဘက် ကမ်းပါးပေါ်ရှိ ကမ်းပါးမြင့်ရွာကို အပိုင်စားပေးတော်မူခဲ့လေသည်။