မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲကြသူတိုင်းနီးပါးသိကြတဲ့ Xiaomi ကုမ္ပဏီက ဖုန်းအသစ်ဖြစ်တဲ့ Xiaomi Mi CC9 series ကို မနေ့က (2 July 2019) တရုတ်နိုင်ငံမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ CC9 series မှာ CC9, CC9e နဲ့ CC9e Meitu Custom Edition တို့ပါဝင်ပါတယ်။


Meitu ဆိုတဲ့ကုမ္ပဏီလို့ ပြောလိုက်ရင် မြန်မာနိုင်ငံက ဖုန်းသုံးစွဲသူတချို့တော့ သိနေကြပါလိမ့်မယ်။  ဘာဖြစ်လို့လဲဆိုတော့ Meitu ဆိုတဲ့ ဓာတ်ပုံပြင်တဲ့ application ကို သိနေကြလို့ပါပဲ။ ဟိုးအရင်တုန်းက Selfie ကင်မရာတွေက ယခုခေတ်ဖုန်းတွေလိုမျိုး Beauty Filter တွေ built-in မပါသေးပါဘူး။ ဒါကြောင့် မိမိတို့ရဲ့ ဓာတ်ပုံတွေ၊ ဆယ်လ်ဖီးပုံတွေကို လှပအောင်၊ မေးလေးချွန်နေအောင်၊ အသားဖြူလာအောင်၊ ကာတွန်းရုပ်ကလေးတွေနဲ့တူအောင် 360camera တို့လို application တွေနဲ့ ပြုပြင်ကြပါတယ်။ အဲ့ဒီ app တွေထဲမှာ Meitu application လည်းပါပါတယ်။ Meitu ကုမ္ပဏီဟာ Meitu ဆိုတဲ့ face beauty application အပြင် smartphone တွေကို တရုတ်ပြည်တွင်းမှာ ထုတ်လုပ်ပါသေးတယ်။ 2013 ခုနှစ်မှာ Selfie camera phone အဖြစ် Meitu Kiss ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေအရ selfie အသားပေး smartphone များ ထုတ်လုပ်မှုကို 2019 နှစ်လယ်ပိုင်းကစတင်ပြီး ရပ်နားခဲ့ပါတယ်။ ထို့ကြောင့် smartphone ထုတ်လုပ်မှုအပိုင်းကို Xiaomi နှင့် လက်တွဲထုတ်လုပ်မည်ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရားဝင်ထုတ်ပြန်ကြေညာချက်မှာ နောက်ဆုံးထွက်ရှိခဲ့တဲ့ Meitu V7 မပါဘဲ နောက်ထပ်ထွက်မယ့် ဖုန်းတွေမှာ Meitu brand name ကို အသုံးပြုခွင့်၊ နည်းပညာအသုံးပြုခွင့် နှင့် Meitu စမတ်ဖုန်းတွေနဲ့ ပတ်သက်တဲ့ domain name များ အသုံးပြုခွင့် Global License ကို Xiaomi အနေနဲ့ လုပ်ပိုင်ခွင့်ရရှိကြောင်း ပါဝင်ပါတယ်။ Xiaomi ရဲ့ယခု မိတ်ဆက်လိုက်တဲ့ CC9e Meitu Custom Edition ဟာ Meitu နာမည်နဲ့ နည်းပညာ (Meitu ရဲ့ Imaging Algorithms) တွေကို Xiaomi နဲ့ ပူးပေါင်းပြီး ပထမဦးဆုံးထုတ်လုပ်လိုက်တဲ့ ဖုန်းပဲဖြစ်ပါတယ်။

 

Specifications

Xiaomi Mi CC9 နဲ႔ CC9e

Mi CC9 နဲ့ CC9e တို့ဟာ 3D glass panel တွေ အသုံးပြုထားပြီးတော့ အရောင်ပြေးပုံစံ အရောင်များနဲ့ ထုတ်လုပ်ထားပါတယ်။ CC9 ဟာ 6.39 လက်မ HD+ resolution AMOLED display မျက်နှာပြင်ကို အသုံးပြုပြီး ကင်မရာအတွက် dot notch နေရာလေးပါပါတယ်။ Mi CC9e ကတော့ 6.08 လက်မ မျက်နှာပြင်ရှိပါတယ်။ Aspect ratio အနေနဲ့ကတော့ CC9 နဲ့ CC9e နှစ်ခုစလုံးဟာ 19.5:9 ရှိပြီး၊ Always-On Display နဲ့ နောက်ဆုံးထွက် 7th generation in-display fingerprint sensor တွေ တပ်ဆင်ထားပါတယ်။

CC9 အတွက် Chipset ကိုတော့ Snapdragon 710 အသုံးပြုထားပါတယ်။ 6GB RAM နဲ့ 128 GB storage ပါဝင်ပါတယ်။ CC9e အတွက်ကတော့ Snapdragon 665 2.0 GHz ကို Adreno 610 GPU နဲ့ တွဲထားပါတယ်။ CC9 ရော CC9e ပါ Android 9 Pie OS ကို အခြေခံထုတ်ထားတဲ့ Xiaomi ရဲ့ MIUI 10 နဲ့ operate လုပ်ပါတယ်။ ဂိမ်းသမားတွေစိတ်ကြိုက် Graphics ရဲ့ Performance မြှင့်တင်ပေးဖို့ Game Turbo 2.0 ပါဝင်ပါသေးတယ်။

အနောက်ဘက်မှာ ကင်မရာသုံးလုံးနှင့်အတူ LED flash မီးပါဝင်ပါတယ်။ 48 MP Sony Lens f/1.79 aperture ရယ်၊ 8 MP ultrawide Lens (120 degree) ရယ်၊ 2 MP depth senor ရယ် ပါဝင်ပါတယ်။ ထိုကင်မရာတွေရဲ့ feature တွေကတော့ super night mode, portrait mode bokeh, panorama, professional, HDR, AI beauty, AI scene recognition နဲ့ 960 fps slow motion video recording တို့ ပြုလုပ်နိုင်ပါတယ်။

CC9 and CC9e

 

အရှေ့ဘက် selfie ကင်မရာကတော့ 32 MP ကင်မရာပါ။ အလင်းရောင်ကောင်းစွာမရနိုင်တဲ့ Low Light အခြေအနေမှာတောင် selfie ကောင်းကောင်းရိုက်နိုင်ပါတယ်။ Mimoji ကို အသုံးပြုပြီး 165 မျိုးသော ဆံပင်ပုံစံ၊ မျက်နှာပုံစံ နဲ့ အခြားကာတွန်းရုပ်ပုံစံ အစရှိတာတွေကို ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးနေစဉ်မှာ ထည့်သွင်းလို့ရပါတယ်။

4,030 mAh ဘက်ထရီတွေပါဝင်ပြီး 18W fast charging လည်း support လုပ်ပါသေးတယ်။ တခြား specs တွေကတော့ dual-SIM support, 4G VoLTE, Wi-Fi 802.11ac, v5.0 Bluetooth, GPS, NFC (CC9e မှာ NFC မရပါဘူး), IR blaster, USB-C နဲ့ 3.5mm headphone socket တို့ပါရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ face unlock feature လည်း ပါဝင်ပါတယ်။

 


Xiaomi Mi CC9 Meitu Custom Edition

Mi CC9 နဲ့ specs & features ချင်းတူညီပြီးတော့ ဖုန်းရဲ့ အရောင်ကတော့ ပုံမှာပြထားတဲ့အတိုင်း ထူးထူးခြားခြားလေး ဖြစ်နေပါလိမ့်မယ်။ ကွာခြားချက်တွေက Meitu ဖုန်းတွေမှာ 8 GB RAM နဲ့ 256 GB Storage ပါခြင်းပါပဲ။ ဒါ့အပြင် ကင်မရာတွေအားလုံးအတွက် Meitu ရဲ့ imaging နည်းပညာကို အသုံးပြုထားပါတယ်။ ထပ်ပြီးထူးခြားတာက Operating System ပါ။ Xiaomi ရဲ့ MIUI 10 ကို  ဒီဖုန်းအတွက် သီးသန့် ပြုပြင်ထားခြင်းပါပဲ။


အနောက်ဘက်အဖုံးပေါ်မှာ "meitu" ဆိုတဲ့ brand name ကို ရိုက်နှိပ်ထားပါတယ်။ Package ကို CC logo ပါတဲ့ box လေးနဲ့ ထည့်ပေးထားပါတယ်။ ဒါ့အပြင် Xiaomi ကနေပြီးတော့ CC9 Meitu edition အတွက် selfie mirror, လက်ပတ် နဲ့ ဖုန်းကာဗာအကြည်တို့ကို သီးသန့်ရောင်းချပေးပါသေးတယ်။

 

 

Xiaomi Mi CC9, CC9e and CC9 Meitu Custom Edition ဈေးနှုန်း နှင့် ဖြန့်ချီ/ရောင်းချမည့်ရက်


Xiaomi Mi CC9

6 GB RAM + 64 GB storage – 1,799 Yuan (~$260)

6 GB RAM + 128 GB storage – 1,999 Yuan (~$290)

အရောင် => White Lovers, Dark Blue and Black

 

Xiaomi Mi CC9e

4 GB RAM + 64 GB storage – 1,299 Yuan (~$188)

6 GB RAM + 64 GB storage – 1,399 Yuan (~$203)

6 GB RAM + 128 GB storage – 1,599 Yuan (~$232)

အရောင် => White Lovers, Dark Blue and Black

 

Xiaomi Mi CC9 Meitu Custom Edition

8 GB RAM + 256 GB storage – 2,599 Yuan (~$378)

အရောင် => Pearl White

 

တရုတ်မှာ မနေ့ကစတင်ပြီး ကြိုတင်ရောင်းချနေပြီဖြစ်ပါတယ်။ ဈေးကွက်ထဲက ဆိုင်တွေမှာကတော့ CC9 ကို July 5 ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး CC9e ကို July 9 ရက်နေ့မှာ ရောင်းချပေးပါလိမ့်မယ်။ CC9 Meitu Custom Edition ကိုလည်း July 5 ရက်နေ့မှာ ရောင်းချပေးပါလိမ့်မယ်။ Xiaomi အနေနဲ့ CC9 series ကို အခြားနိုင်ငံတွေဖြန့်ချီမည့်ရက်ကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။

 

 

ဒီအကြောင်းကို ပြည့်ပြည့်စုံစုံ ဖတ်ရှုလို့ရအောင်Taungoo.Net မှနေပြီး ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ပုံ နှင့် အချက်အလက်များကို အင်တာနက်သတင်းဋ္ဌာနများမှ စုဆောင်းတင်ပြအပ်ပါတယ်။

ပြန်လည်ကူးယူဖော်ပြချင်ရင်တော့ Credit: Taungoo.Net ဟု ထည့်သွင်းဖော်ပြပေးပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ။