မြန်မာနိုင်ငံမှာ လူကြိုက်များ၊ လူသုံးများနေတဲ့ Brand တစ်ခုနဲ့ MWC 2019 ကို စတင်လိုက်ရအောင် ...

Xiaomi က MWC ပွဲမှာ ယခင်ကတည်းက ပြသဖူးပါတယ်။ နောက်ပြီးတော့ 2019 ဟာ သူ့ရဲ့ အောင်မြင်မှုနှစ်တစ်ခုလည်း ဖြစ်ဟန်တူပါတယ်။ UK မှာတောင် launch လုပ်နေပါပြီ။

၂၀၁၉ ခုနှစ်ရဲ့ ခေတ်စားနိုင်ဖွယ်ရာရှိတဲ့ မှန်ခေါက်ဖုန်း (Folding Phone) တွေနဲ့ 5G Phone တွေရဲ့ လားရာအတိုင်းပဲ Xiaomi ဟာ သူ့ရဲ့ 5G ဖုန်းဖြစ်တဲ့ Xiaomi Mi Mix 3 5G ကို ဒီပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။ ကောလဟာလတွေအရ Xiaomi ဟာ မှန်ခေါက်ဖုန်းကို ထုတ်လုပ်ပြသမယ်ဆိုပြီး တည်ဆောက်မှုအပိုင်းမှာလိုအပ်ချက်တွေရှိနေသေးတာကြောင့် ယခုပွဲမှာ မပြသနိုင်ခဲ့ပါဘူး။ Xiaomi CEO ဖြစ်တဲ့ Lin Bin ဟာ ဇန်နဝါရီလအကုန်လောက်ပိုင်းတုန်းက "Double folding mobile phone" လို့ခေါ်တဲ့ဖုန်းတစ်ခုကို ကိုင်ဆောင်ပြသထားတဲ့ ဗီဒီယိုထွက်ရှိခဲ့ပါသေးတယ်။ ဒါကြောင့် ကုမ္ပဏီကနေ ၂၀၁၉ နှစ်လယ်ပိုင်းလောက်မှာ ထုတ်လုပ်မိတ်ဆက်ဖွယ်ရာရှိတယ်လို့ ယူဆနေကြပါတယ်။

MWC 2019 မှာ Xiaomi ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့က မိတ်ဆက်ခဲ့တဲ့ Mi 9 နဲ့အတူ Mi Mix 3 5G ကို ပြသခဲ့ပါတယ်။

 

 

Xiaomi Mi9

 

၂၀၁၉ ဟာ Xiaomi အတွက် အနောက်ကမ္ဘာကိုဝင်တိုးတဲ့နှစ်လို့ ပြောလို့ရပါတယ်။ ကုမ္ပဏီရဲ့ နောက်ဆုံး flagship phone တစ်လုံးဖြစ်တဲ့ Mi 9 ဟာ တကယ်ကိုပဲ ကမ္ဘာအနှံ့က ပရိသတ်တွေကို စွဲဆောင်နိုင်ခဲ့ပါတယ်။

screen-to-body အချိုးအစားဟာ တော်တော်လေးအထင်ကြီးဖွယ်ရာဖြစ်ပြီး ဖုန်းကိုကိုင်တဲ့အခါ တခြားဖုန်းတွေနဲ့မတူတဲ့ရသကို ပေးစွမ်းနိုင်ခဲ့ပါတယ်။ Xiaomi ဟာ တခြားသောပြိုင်ဘက်တွေကို သူ့ရဲ့ ဖုန်းကင်မရာနဲ့ပဲ အနိုင်ယူပိုင်းဖြတ်နေကြပါ။

မြန်ဆန်တဲ့ processor တွေသုံးပြီး လှပတဲ့အရောင်အသွေးတွေနဲ့ flagship phone တစ်လုံးဖြစ်တဲ့ Mi 9 ကို အောက်ပါအတိုင်း Review တွေ ရေးကြတာကိုTaungoo.Net ကနေ စုဆောင်းပေးပါရစေ။

 

ကောင်းတဲ့အချက်

  • Snapdragon 855 processor ကိုသုံးတယ်
  • ဈေနှုန်းက အမေရိကန်ဒေါ်လာ ၅၀၀ လောက်ကနေ စတင်တယ်
  • အသွင်အပြင်နဲ့ အရောင်အသွေးကောင်းမွန်တယ်
  • Wide-angle camera ကို အသုံးပြုလို့ရတယ်
  • ကင်မရာက တော်တော်လေးကောင်းတယ်
  • ကိုင်ဆောင်ရတာ ပေါ့ပါးတယ်

မကောင်းတဲ့အချက်

  • Flagship Phone ဆိုပေမယ့် ထူးထူးခြားခြားကြီးမဟုတ်ဘူး
  • MIUI 10 ဟာ ထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေ သိပ်မပါဘူး
  • UI နည်းနည်းနှေးတယ်
  • ကင်မရာက နည်းနည်းနှေးတယ်

 

Design

  • အချိုးအစားက - 157.5 x 74.67 x 7.61mm၊ အလေးချိန်က - 173g
  • အနောက်ဘက်က glass ကိုသုံးထား
  • ထွင်းဖောက်မြင်နိုင်တဲ့ Transparent Edition ကိုလည်းထုတ်ထား
  • အရှေ့မှန်ပေါ်မှာ Fingerprint Scanner တပ်ဆင်ထား

 

အနောက်ဘက်မှာ curved လုပ်ထားတဲ့မှန်ကြောင့် ကိုင်ဆောင်လို့ကောင်းတဲ့အနေအထားရှိပါတယ်။ အရှေ့ဘက် display ကတော့ 6.39 inch ရှိပြီး ရေစက်ပုံသဏ္ဍာန် selfie ကင်မရာပါရှိပါတယ်။ 90.7 ရာခိုင်နှုန်း screen-to-body အချိုးအစားရှိပါတယ်။ အတိုင်းအတာကတော့ 157.5 x 74.67 x 7.61mm ဖြစ်ပြီး အလေးချိန်ကတော့ 173g ရှိပါတယ်။

 

Specs

ဂုဏ်ယူဖွယ်ရာတစ်ခုအနေနဲ့ Snapdragon processor အသစ်ဖြစ်တဲ့ 855 ကို အသုံးပြုထားပြီး RAM ကိုတော့ 6GB သုံးထားတဲ့အတွက် အတော်လေးမြန်ဆန်ပါတယ်။

Mi 9 မှာ မကောင်းတာကတော့ 5G ကို အသုံးပြုလို့မရသေးတာပါပဲ။ WMC 2019 မှာ 5G အတွက် Mi Mix 3 ကို မိတ်ဆက်ခဲ့ပါတယ်။

 

Wireless charging

Xiaomi Mi 9 ဟာ နည်းပညာအသစ်ဖြစ်တဲ့ 20W Wireless Charging ကို support လုပ်ကြောင်းမိတ်ဆက်ပြသခဲ့ပါတယ်။ ဒါ့ကြောင့် အားသွင်းရတဲ့ကြာချိန်ဟာ နည်းသွားမှာဖြစ်ပြီး အားအပြည့်သွင်းဖို့ မိနစ် ၉၀ သာ လိုတာကြောင့် ဈေးကွက်ထဲက တခြားဖုန်းတွေနဲ့ယှဉ်လိုက်ရင် အတော်လေးမြန်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

Cameras

Mi 9 ဟာ Xiaomi က ထွက်တဲ့ Flagship ဖုန်းတွေထဲမှာ AI ကင်မရာသုံးလုံးပါတဲ့ ပထမဦးဆုံးဖုန်းပါ။ အဓိကကင်မရာက 48 MP, Ultra wide-angle ကင်မရာက 16 MP နဲ့ Telephoto ကင်မရာက 12 MP ပါဝင်နေတဲ့အတွက်ကြောင့် ဖုန်းကင်မရာသမားတွေရဲ့ စိတ်ကြိုက်ဖြစ်စေမှာပါ။

 

Software

Pie လို့အမည်ပေးထားတဲ့ Android 9 ကိုအသုံးပြုထားတဲ့ MIUI 10 ကို အသုံးပြုထားပါတယ်။ 2018 ထဲမှာထွက်ရှိခဲ့တဲ့ Mi 8 ထပ် ထူးထူးခြားခြားပြောင်းလဲမှုတွေ သိပ်မရှိတာကြောင့် ဝေဖန်ရေးသမားတွေရဲ့ ထောက်ပြစရာဖြစ်လို့နေပါတယ်။

 

Battery

3,300 mAh ဘက်ထရီကိုသာသုံးထားတဲ့အတွက် မထူးခြားဘူးလို့ဆိုပေမယ့် 20W wireless charging ရတယ်ဆိုတာတော့ ထူးခြားသွားစေပါတယ်။

 

Features

သာမန်စမ်းသပ်မှုလေးတွေလုပ်တဲ့အချိန်မှာ Mi 9 ဟာ မဆိုသလောက်လေး နှေးတယ်လို့ ပြောကြပါတယ်။ Screen တွေ တစ်ခုနဲ့တစ်ခု ပြောင်းလဲတဲ့အချိန်မှာ အနည်းငယ်ကပ်တက်တက်ဖြစ်နေပေမယ့် app တွေအသုံးပြုတဲ့အခါမှာတော့ ဆိုးဆိုးဝါးဝါးမဖြစ်နေလှပါဘူးတဲ့။

Google Assistant ကိုဖွင့်တဲ့အချိန်မှာတော့ Google Assistant ပွင့်လာတာ နည်းနည်းလေးကြာပြီး Voice Recognition (အသံမှတ်ထားတဲ့စနစ်) ကလည်း တခြားဖုန်းတွေလောက် မမြန်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် review သမားတွေက ဆူညံတဲ့ ပတ်ဝန်းကျင်မှာ Voice Assistant ကိုအသုံးပြုရင် အလုပ်လုပ်တာတွေ မှားယွင်းနိုင်တယ်လို့ ပြောကြပါတယ်။

 

Price

Xiaomi Mi 9 ကို အနည်းဆုံး ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်ကနေစတင်ပြီး ဝယ်ယူရရှိနိုင်ပါတယ်။

 

Xiaomi Mi 9 ရဲ့ First Impression ဗီဒီယိုကို UK ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Tech Advisor မှ ရယူဖော်ပြပေးထားပါတယ်။

 

 

 

Xiaomi Mi Mix 3 (5G)

 

၂၀၁၉ ဟာ 5G ဖုန်းတွေရဲ့ ခြေလှမ်းအစဖြစ်တဲ့နည်းတူ Xiaomi ဟာလည်း ဥရောပကို Mi Mix 3 5G နဲ့ မိတ်ဆက်ခဲ့ပါတယ်။ ဖုန်းထုတ်လုပ်သူတွေနဲ့ အော်ပရေတာတွေဟာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ်သည့်အားလျော်စွာ 5G support လုပ်တဲ့ device တွေကို များများထုတ်နိုင် တီထွင်လာနိုင်တဲ့အချိန် အော်ပရေတာတွေဟာလည်း 5G Network တွေကို တိုးချဲ့မှာ အမှန်ပါပဲ။

Xiaomi ဟာ မူလ Mi Mix 3 ကို ၂၀၁၈ အောက်တိုဘာလလောက်မှ မိတ်ဆက်ခဲ့ပြီး ၂၀၁၈ နိုဝင်ဘာလမှာ ဖြန့်ချီခဲ့ပါတယ်။ Mi Mix 3 5G ကို ၂၀၁၉ ဖေဖော်ဝါရီလ MWC 2019 ကို မိတ်ဆက်ခဲ့ပေမယ့် ၂၀၁၉ မေလလောက်မှာ ဖြန့်ချီဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

Reviewer တွေရဲ့လက်ထဲကို မရောက်လာသေးတာမို့ review တွေ မထွက်သေးပေမယ့် ပါဝင်တဲ့ specification တွေနဲ့ MWC 2019 မှာ မိတ်ဆက်ခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးပါမယ်။

Xiaomi ရဲ့ 5G Wireless partner တွေကတော့ ဥရောပအခြေစိုက် အော်ပရေတာတွေဖြစ်ကြတဲ့ Orange, Sunrise, Telefonica, Three, TIM နဲ့ Vodafone တို့ဖြစ်ကြတယ်လို့ ပြောပါတယ်။ Xiaomi ရဲ့ Mi Mix 3 5G ကို မေလလောက်မှာ ရရှိမယ်လို့ပြောကြားပြီး ကန်ဒေါ်လာ 680 လောက်ကစတင်ပြီး ရောင်းချမှာ ဖြစ်ပါတယ်။ ကနဦးအနေဖြင့် 5G တွင် တစ်ဆယ့်ငါးမိနစ်စာဗီဒီယိုဖိုင် (256MB ပမာဏရှိတဲ့ဗီဒီယိုဖိုင်) ကို တစ်စက္ကန့်နဲ့ ဒေါင်းလုဒ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် 5G ဟာ 2Gbps speed ရှိမှာဖြစ်ပါတယ်။ Mi Mix 3 5G ကို မေလလောက်မှာ ထွက်ရှိမယ်လို့ ပြောကြားခြင်းဟာ Samsung Galaxy S10 5G နဲ့ တစ်ချိန်တည်းလိုဖြစ်နေပါတယ်။

 

Processor

Xiaomi Mi Mix 3 5G ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် processor ဖြစ်တဲ့ Snapdragon 855 ကိုအသုံးပြုထားပြီး 5G modem အနေနဲ့ ၎င်းကုမ္ပဏီရဲ့ Snapdragon X50 ကို အသုံးပြုတပ်ဆင်ထားပါတယ်။ ဒါ့ကြောင့် Mi Mix 3 5G ဟာ ၎င်းတို့ကိုအသုံးပြုတပ်ဆင်ထားတဲ့ ပထမဦးဆုံးသောဖုန်းပဲဖြစ်ပါတယ်။ Gadget တွေနဲ့ နည်းပညာပစ္စည်းတွေကို စမ်းသပ်ကာ review ထုတ်ပြန်ပေးတဲ့ Pocket-lint က Snapdragon 855 ကို ၂၀၁၈ နှစ်ကုန်ပိုင်းလောက်က စမ်းသပ်ထားပြီး မြန်ဆန်တဲ့လုပ်ဆောင်မှုကို အသိအမှတ်ပြုထားတာကြောင့် Mi Mix 3 5G ဟာ ဈေးကွက်ထဲက အမြန်ဆုံးဖုန်းတွေထဲ အပါအဝင်ဖြစ်ပါလိမ့်မယ်။

PLATFORM OS Android 9.0 (Pie); MIUI 10
Chipset Qualcomm SDM855 Snapdragon 855 (7 nm)
CPU Octa-core (1x2.84 GHz Kryo 485 & 3x2.42 GHz Kryo 485 & 4x1.8 GHz Kryo 485)
GPU Adreno 640

  

Design

Samsung ရဲ့ AMOLED display နဲ့ ထွက်ရှိလာပါလိမ့်မယ်။ ပြီးတော့ size အနေနဲ့က 6.39 inches ပါ။ screen-to-body ratio အနေနဲ့ကတော့ ၈၅ ရာခိုင်နှုန်းဝန်းကျင်ပါ။ Headphone Jack မပါပါဘူး။ Finger print ကို အနောက်မှာ တပ်ထားပါတယ်။ Card slot မပါပါဘူး။ Internal Storage က 64 GB နဲ့ 128 GB နှစ်မျိုးလာပြီး RAM ကတော့ 6GB ပါ။ အရောင်အနေနဲ့ကတော့ Sapphire Blue နဲ့ Onyx Black လို့ ကြေညာထားပါတယ်။

BODY Dimensions 157.9 x 74.7 x 9.4 mm (6.22 x 2.94 x 0.37 in)
Weight -
Build Front glass, aluminum frame (7000 series), ceramic back
SIM Dual SIM (Nano-SIM, dual stand-by)
DISPLAY Type Super AMOLED capacitive touchscreen, 16M colors
Size 6.39 inches, 100.2 cm2 (~85.0% screen-to-body ratio)
Resolution 1080 x 2340 pixels, 19.5:9 ratio (~403 ppi density)
Protection Corning Gorilla Glass 5
  - HDR

 

Camera

ဒီဖုန်းမှာတော့ Dual Camera ပဲ ပါပါတယ်။ 12 MP နဲ့ 12 MP ပဲဖြစ်ပါတယ်။ Selfie ကတော့ notch နဲ့ မဟုတ်တော့ပဲ Slide နဲ့ပါ။ 24MP + 2MP ဖြစ်တဲ့အတွက် Selfie အတွက်ပိုပြီးကောင်းမယ့်ပုံစံပါပဲ။ 

MAIN CAMERA Dual 12 MP (wide), f/1.8, 1/2.55", 1.4µm, Dual Pixel PDAF, 4-axis OIS
12 MP (telephoto), 1/3.4", 1.0µm
Features LED flash, HDR, panorama
Video 2160p@30/60fps, 1080p@30/60fps, 1080p@960fps
SELFIE CAMERA Dual Mechanical pop-up 24 MP, 1/2.8", 0.9µm
Mechanical pop-up 2 MP, depth sensor
Features LED flash, HDR
Video 1080p@30fps

 

Battery

3,800 mAh battery ကိုတပ်ဆင်ထားပြီး Type-C connector ကို အသုံးပြုရမှာပါ။ Fast Charging 18 W ကိုအသုံးပြုနိုင်ပါပြီး Wireless charging 10W ကိုပါ အသုံးပြုနိုင်မှာပါ။

BATTERY   Non-removable Li-Po 3800 mAh battery
Charging Fast battery charging 18W (Quick Charge 4+)
Wireless charging 10W

 

Price

အပေါ်မှာ ပြောခဲ့သလိုပဲ အမေရိကန်ဒေါ်လာ ၆၈၀ လောက်နဲ့ ၂၀၁၉ မေလလောက်မှာ စတင်ရောင်းချပေးမယ်လို့ သိရပါတယ်။

 

အောက်ကဗီဒီယိုကတော့ FoneArena က MWC 2019 ပွဲကို တက်ရောက်ခဲ့ပြီး Xiaomi Mi Mix 3 5G ကို ကိုင်ဆောင်ပြသခဲ့တဲ့ဗီဒီယိုပဲဖြစ်ပါတယ်။

Taungoo.Net ပရိသတ်တွေလည်း မြင်ဖူးသွားအောင် ကြည့်ရှုလိုက်ရအောင် ...