MWC 2019

 

MWC ဆိုတာ Mobile World Congress ရဲ့အတိုကောက်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ mobile ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ အကြီးမားဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ အဆိုပါပွဲမှာ Samsung, LG, Sony, Huawei အစရှိတဲ့ နာမည်ကြီးကုမ္ပဏီကြီးတွေက သူတို့ရဲ့ နောက်ဆုံးထုတ်ကုန်တွေကို ပြသလေ့ရှိပါတယ်။ နောက်ဆုံးထုတ်ကုန်တွေဆိုတာက ဖုန်းတွေ၊ tablet တွေ၊ Smartwatch ဆိုတဲ့ ဖုန်းတစ်လုံးကဲ့သို့အသုံးချနိုင်တဲ့ နာရီတွေ နဲ့ အခြားသော နည်းပညာထုတ်ကုန်တွေကို ပြသတာပဲဖြစ်ပါတယ်။

 

MWC 2019 ကို ယနေ့ ဖေဖော်ဝါရီ ၂၅ ကနေ ဖေဖော်ဝါရီ ၂၈ အထိ ကျင်းပမှာဖြစ်ပြီး ပွဲမတိုင်မီ တစ်ရက် နှစ်ရက်လောက်ကတည်းက ပါဝင်ပြသမယ့်ကုမ္ပဏီတွေက ၎င်းတို့ရဲ့ထုတ်ကုန်တွေကို ကြိုတင်ကြေညာလေ့ရှိပါတယ်။

 

MWC ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး MWC 2019 ကို စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပနေတာပဲဖြစ်ပါတယ်။

 

MWC 2019

 

ပုံတွေကိုတော့ အင်တာနက်က ရှာဖွေထားတာပဲဖြစ်ပြီး ဘယ်ကုမ္ပဏီတွေက ဘယ်ပစ္စည်းတွေကို အထူးပြသထားတယ်ဆိုတာကို ဆက်ပြီးဖော်ပြပေးပါမယ်။

 

 

အောက်မှာ ဘယ်ကုမ္ပဏီတွေက ဘာပစ္စည်းတွေ၊ ဘယ်ဖုန်းတွေ ပြသသလဲဆိုတာကို အောက်ကလင့်တွေမှာ ကြည့်ရှုလို့ရပါပြီ။

Xiaomi at MWC 2019 - https://taungoo.net/nowaday/tech/85-xiaomi-at-mwc-2019

Samsung at MWC 2019 - https://taungoo.net/nowaday/tech/86-samsung-at-mwc-2019