မကြာခင်ရက်ပိုင်းအတွင်း Electronic Entertainment Expo 2019 က လာတော့ပါမယ်။ E3 2019 လို့နာမည်အတိုကောက် ခေါ်ကြတဲ့ပွဲကို Los Angeles Convention Center မှာ (မြန်မာရက်စွဲအရဆိုရင်) 12 June ကနေ 14 June အထိ ကျင်းပမှာပါ။ ကမ္ဘာအရပ်ရပ်က အီလက်ထရောနစ်ကုမ္ပဏီတွေရဲ့ ထူးထူးခြားခြားဆန်းသစ်တီထွင်မှုတွေ၊ ထုတ်ကုန်အသစ်တွေကို ချပြတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိမ်းသမားတွေအတွက် Google ရဲ့ Stadia ထဲမှာပါလာတော့မယ့် ဂိမ်းတွေရဲ့ စာရင်းကို ချပြပေးမှာပဲဖြစ်ပါတယ်။


Stadia ဆိုတာဘာလဲ ?

2018 နိုဝင်ဘာလောက်မှာ Google ကနေ Project Stream ဆိုတာကို ပရိသတ်တွေဆီ ချပြပေးခဲ့ပါတယ်။ Assassin's Creed Odyssey ဆိုတဲ့ဂိမ်းကို အကန့်အသတ်နဲ့ game streaming test စလုပ်ပြတာပါ။ အဲ့ဒီ project ဟာ 2019 January မှာပြီးဆုံးသွားပြီးတဲ့နောက် Google ဟာ ဘာမှပြောကြားခြင်းမရှိတော့ဘဲ တိတ်တဆိတ်နဲ့ ဖြစ်နေခဲ့ပါတယ်။ 2019 March မှာ ပြုလုပ်ခဲ့တဲ့ GDC 2019 (Game Developers Conference) ရောက်တော့မှ Google ဟာ Stadia ကို ချပြလိုက်ပြီး project နဲ့ ပတ်သက်လို့ ဆိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်ပါတယ်။

Streaming gaming service အိုင်ဒီယာကို Google က ပထမဦးဆုံး စတင်စဉ်းစားပေါ်ပေါက်ခဲ့တာတော့ မဟုတ်ပါဘူး။ Sony ကနေ Onlive ဆိုတဲ့ service ကို cloud အသုံးပြုပြီး 2009 ကတည်းက စတင်ခဲ့ပေမယ့် အမြတ်အစွန်းနည်းပါးမှုကြောင့် 2015 ဧပရယ်အကုန်လောက်မှာ ဖျက်သိမ်းလိုက်ပါတယ်။ အခုတော့ Google's Stadia ဟာ ထပ်မံချဉ်းကပ်လို့လာပါပြီ။

Stadia ရဲ့ အားသာချက်တစ်ခုကတော့ မည်သည့် device တွေမှာမဆို Streaming ဂိမ်းကစားနိုင်ခြင်းပါပဲ။ cloud ကိုအခြေခံထားတဲ့ ဒီ streaming game ဟာ Chrome Browser, Desktops, Laptops, Tablets, ဖုန်းတွေ နဲ့ Chromecast Ultra လို့ခေါ်တဲ့ WiFi/4K device တွေမှာ ကောင်းမွန်စွာ အလုပ်လုပ်ပါတယ်။

Chromecast and Stadia Console

 

Google's Stadia မှာဆော့ဖို့ ဘာတွေလိုအပ်လဲ ?

ပုံထွက်ကောင်းကောင်းဂိမ်းတွေဆော့နိုင်မယ့် Stadia ဟာ Cloud-based service ဖြစ်သည့်အားလျော်စွာ အထူးတလည် ဘာမှမလိုပါဘူးလို့ ဆိုပါတယ်။ Desktop တွေပေါ်မှာ ဂိမ်းတွေဆော့တော့မယ်ဆိုရင် Graphics Card စိုက်ရ၊ Memory တိုးရနဲ့ အလုပ်တွေများခဲ့တာကို ဂိမ်းသမားတွေ သိကြမှာပါ။ ဒါပေမယ့် Google's Stadia user တွေအတွက်တော့ AMD 2.7 GHz x 86 processor, 16 GB RAM, 484 Gbps transfer speed အထိ, နဲ့ GPU 10.7 teraflops of power တွေ အသုံးပြုနိုင်ခွင့် ရရှိကြမှာပါလို့ Google က ပြောပါတယ်။ ဖုန်းမှာပဲဆော့ဆော့၊ laptop မှာပဲ ဆော့ဆော့ပေါ့။

Stadia ဟာ လက်ရှိဈေးကွက်ထဲမှာရှိနေတဲ့ Game Console တွေထက် ပိုမိုသာလွန်ကောင်းမွန်နေပါတယ်။ cloud-based ဖြစ်တာကြောင့် hardware တွေကို upgrade လုပ်ချင်ရင် လွယ်လင့်တကူ server side ဘက်ကပဲ လုပ်ပေးမှာပါ။ သုံးစွဲသူတွေအနေနဲ့ သီးသန့် hardware တွေ ထပ်မံဝယ်ယူစရာမလိုတော့ဘူးလေ။ သုံးစွဲသူရဲ့ အင်တာနက်မြန်နှုန်းအရ resolution ကို 1080p မှ 4K အထိ ရွေးချယ်နိုင်ပါတယ်။ အနာဂါတ်မှာ Google မှာ 8K အထိ ရွေးချယ်ခွင့်ကို ရယူနိုင်မယ်လို့ထင်ပါတယ်။


Game တစ်ခုကို stream ပေါ်မှာ ကစားမယ်ဆိုရင် ကစားသမားအနေနဲ့ 35 Mbps အင်တာနက်အမြန်နှုန်းရှိဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် 4K resolution ကို 60 fps နဲ့ ဆော့နိုင်ပြီး အသံထွက်အနေနဲ့ 5.1 surround sound ကို ရရှိမှာပါ။ 20 Mbps အမြန်နှုန်းနဲ့ဆိုရင် 1080p resolution နဲ့ 5.1 surround sound, 10 Mbps ဆိုရင်တော့ 720p resolution နဲ့ stereo sound အသံထွက်ကို ရရှိနိုင်မှာပါ။ လတ်တလောအခြေအနေမှာ Stadia ဟာ WiFi (သို့) LAN ကြိုးတပ် Internet နဲ့ အသုံးပြုနိုင်သေးပြီး ဖုန်းအင်တာနက်နဲ့ မရရှိသေးဘူးလို့တော့ ဆိုပါတယ်။

Stadia ဟာ Google Assistant ကို support လုပ်ပါတယ်။ နောက်ပြီးတော့ State Share feature လည်း ရရှိနိုင်ပါတယ်။ State Share ဆိုတာကတော့ ဂိမ်းကစားသူတစ်ယောက်ဟာ ဂိမ်းဆော့နေစဉ်အတွင်းမှာ သူငယ်ချင်းတွေဆီ (သို့) YouTube Channel ပေါ်ကို Share လုပ်ပေးနိုင်တာပါပဲ။

 

 

Stadia controller


ကျွန်တော်တို့ ငယ်ငယ်ကပြောသလိုဆိုရင် ဂိမ်းခလုတ်ပေါ့။ Online မှာ Real-time gameplay တွေ ဆော့တဲ့အခါ ဂိမ်းသမားတွေအဓိကရင်ဆိုင်ရတာ Lagging (ဂိမ်းထစ်နေတာ) ပေါ့။ Stadia ဂိမ်းခလုတ်ဟာ WiFi နဲ့ချိတ်ဆက်ပြီး Google Server ဆီကို တိုက်ရိုက်ရောက်တာကြောင့် lag-free experience တွေ ခံစားနိုင်တယ်လို့ဆိုပါတယ်။ ဂိမ်းခလုတ်မှာ Google Assistant ခလုတ်၊ ဂိမ်းတွေကို  capture လုပ်ပေးနိုင်မယ့်ခလုတ်၊ YouTube ပေါ်တင်လို့ရမယ့် ခလုတ်တွေ ပါဝင်ပါတယ်။ တကယ်လို့များ သင့်ဆီမှာ Stadia ဂိမ်းခလုတ်မရှိဘူးဆို ဘယ်လိုဆော့ရမလဲ? 2019 March လပိုင်းလောက်က ကြေငြာခဲ့တဲ့အတိုင်းဆိုရင် အခြားဂိမ်းခလုတ်သော်လည်းကောင်း keyboard နဲ့ mouse သော်လည်းကောင်းရှိခဲ့ရင် ဆော့လို့ရပြီးလို့တော့ ပြောထားပါတယ်။

 

ဘယ် Game တွေ ဆော့လို့ရပြီလဲ ?


E3 2019 မှာ ကြေငြာမယ့် Stadia နဲ့ ဆော့လို့ရမယ့် Game List ပါ။

 

Taungoo.Net Portal ပါ အကြောင်းအရာများအား မျှဝေလိုပါက Credit: Taungoo.Net ဟု တိကျစွာထည့်ရေးပေး၍ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။

 

  • Assassin’s Creed Odyssey
  • Baldur’s Gate 3
  • Borderlands 3
  • The Crew 2
  • Darksiders Genesis
  • Destiny 2
  • Dragon Ball Xenoverse 2
  • Doom 2016
  • Doom Eternal
  • The Elder Scrolls Online
  • Farming Simulator 19
  • Final Fantasy XV
  • Football Manager
  • Get Packed (by developer Coatsink)
  • GRID
  • Gylt (by developer Tequila Works)
  • Just Dance
  • Metro Exodus
  • Mortal Kombat 11
  • NBA 2K
  • Power Rangers: Battle for the Grid
  • Rage 2
  • Samurai Shodown
  • Tom Clancy’s The Division 2
  • Tom Clancy’s Ghost Recon Breakpoint
  • Tomb Raider Definitive Edition
  • Trials Rising
  • Rise of the Tomb Raider
  • Shadow of the Tomb Raider
  • Wolfenstein: Youngblood
  • Unannounced titles from the following: Capcom, EA, and Rockstar.

 

 

Stadia ရဲ့ ဈေးနှုန်းတွေက ?


အမေရိကန်၊ ကနေဒါ၊ အင်္ဂလန် နဲ့ အခြား ဥရောပ ဆယ့်တစ်နိုင်ငံမှာ Google Stadia ကို ယခုနှစ် နိုဝင်ဘာကစတင်ပြီး ဆော့လို့ရမှာပါ။ ဈေးနှုန်းကတော့ Stadia Pro service အတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ 9.99 ကျသင့်လိမ့်မယ်လို့ ပြောထားပါတယ်။ Google ကနေ "Founder's Edition" ဆိုပြီး ကန်ဒေါ်လာ 129 ကျသင့်မယ့် package ကိုလည်း ရောင်းချပါလိမ့်မယ်။ အဲ့ဒီ package ထဲမှာ
Night Blue color controller တစ်ခု၊ Chromecast Ultra dongle (WiFi device) တစ်ခု၊ Stadia Pro service plan သုံးလစာ၊ Destiny 2 ဂိမ်းအတွက် အသုံးပြုခွင့်အပြည့်အဝ၊ သူငယ်ချင်းတစ်ယောက်ကို ပေးသုံးလို့ရမယ့် Stadia Pro သုံးလစာ Buddy Pass တစ်ခုနဲ့ Stadia name အဖြစ် သင့်နာမည်ကို ထည့်သွင်းနိုင်ခွင့်တို့ ပါဝင်ပါလိမ့်မယ်။ Night Blue color controller တစ်ခုတည်း သီးသန့် ရောင်းဈေးကတော့ ကန်ဒေါ်လာ 69 ဖြစ်လိမ့်ပါမယ်။ နောက်ထပ် တခြားသော plan တွေကိုလည်း Google က ရောင်းချလာနိုင်ပါသေးတယ်။ 2020 ခုနှစ်မှာတော့ resolution 1080p အထိရရှိနိုင်တယ့် Stadia free version ထွက်လာနိုင်ပါတယ်။