ကင်ဆာကို အာရုံခံရှာဖွေနိုင်မယ့် အကူအညီပေးနိုင်ဖွယ်ရာအဖြစ် ပြုပြင်ဖန်တီးထားသောမှတ်ဉာဏ် (A.I. - Artificial Intelligence) ကို Google က သက်သေများနှင့်တကွ ချပြခဲ့ပါတယ်။ Google ကုမ္ပဏီရဲ့ သုတေသနပညာရှင်တွေဟာ ကင်ဆာဆဲလ်တွေကို လေ့လာနိုင်တဲ့ ကရိယာတစ်ခုအား တီထွင်ခဲ့ရာ ၎င်းဟာ တစ်ရှူးနမူနာအသားစများ ယှဉ်၍ကြည့်ရှုချိန်၌ ရင်သားကင်ဆာဆဲလ်များ ပြန့်နှံ့ခြင်းကို ရောဂဗေဒပညာရှင်ထက် ပိုမိုပြီးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆိုပါသုတေသနပညာရှင်တွေဟာ (A.I. ကို) ကောင်းကျိုးမပေးနိုင်တဲ့ တစ်ရှူးအပိုများ၏ အချက်အလက်တွေ၊ အမူအကျင့်တွေကို မှတ်မိစေရန် တစ်ရှူးနမူနာနှစ်ခုကိုယှဉ်ပြီး အယ်လ်ဂိုရစ်သမ်ရေးဆွဲပေးခဲ့ပါတယ်။ ထိုသို့ရေးဆွဲရာမှာ အနေအထားပေါင်းများစွာဖြင့် ပြန့်ပွားမှုကို တွေ့မြင်နိုင်စေသည့် စွမ်းရည်ကိုပါ ထည့်ပေါင်းထားပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ A.I. ဟာ ရောဂါဗေဒရှာဖွေသူ လူသားများအနေနဲ့ လွတ်သွားစေနိုင်လောက်အောင် သေးငယ်သော ပြန့်ပွားမှုတွေအပါအဝင် ကင်ဆာဖြစ်နေသော တစ်ရှူးနမူနာနှင့် ကင်ဆာမရှိသောတစ်ရှူးနမူနာကို ၉၉% မှန်ကန်အောင် ခွဲခြားပြသပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီ A.I. ကို LYNA ဟု အမည်ပေးထားပြီး အရှည်ကောက်အနေနဲ့ကတော့ Lymph Node Assistant ပဲ ဖြစ်ပါတယ်။

ညာဘက်ပုံမှာ LYNA မှ spot လုပ်ပေးသော ပုံဖြစ်ပါသည်။

 

LYNA ဟာ လုပ်ဖော်ကိုင်ဖတ်အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ အတော်လေးအထောက်အကူ ပြုပါတယ်။ ရောဂါရှာဖွေသူ အနေဖြင့် ရောဂါအမျိုးအစားခွဲခြားမှုအား လေ့လာလုပ်ဆောင်နေချိန်မှာ သူတို့အတွက် ပိုမိုလွယ်ကူအောင် ထောက်ပံ့ပေးပါတယ်။ LYNA ဟာ သေးငယ်တဲ့ ပြန့်ပွားမှုမျိုးအား သာမန်မျက်စေ့လျှမ်းစေမယ့်အခြေအနေကို နည်းပါးအောင် ကူညီပေးရုံမကပဲ စူးစမ်းရှာဖွေတဲ့အချိန်ကာလကိုပါ မြန်ဆန်အောင် ကူညီပေးပါတယ်။

ကုသဖို့နည်းလမ်း မရနိုင်သေးတဲ့ ရင်သားကင်ဆာနောက်ဆုံးအဆင့်အတွက် ယခု တီထွင်မှုဟာ တကယ့်လက်တွေ့မှာ အတော်လေးအထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ LYNA ကို လက်ရှိအချိန် ဆေးလောကမှာ အသုံးမပြုသေးပေမယ့် နောင်တစ်ချိန်မှာတော့ အသုံးပြုကောင်းပြုလာပါလိမ့်မယ်။ သိပ္ပံပညာရှင်များက ရင်သားကင်ဆာဆဲလ်ပြန့်ပွားမှုလိုမျိုး အခြားကင်ဆာဆဲလ်ပြန့်ပွားမှုပုံစံများကိုပါ မှတ်တမ်းတင်ထားပါတယ်။ ထို့ကြောင့် အခြားကင်ဆာများကို ရှာဖွေရန် စနစ်များထွက်ပေါ်လာဖို့ အချိန်အများအပြားစောင့်ဆိုင်းရတော့မှာ မဟုတ်ချေ။ ဒီစနစ်ကို လက်တွေ့အသုံးပြုတဲ့အချိန် (ဒါမှမဟုတ်) အသုံးပြုဖို့ အသင့်ဖြစ်တဲ့အချိန်မှာ LYNA ဟာ ရောဂါရှာဖွေမှုမှာ အားထားစရာစနစ်တစ်ရပ် ဖြစ်နိုင်စေရုံမျှမကပဲ ဆရာဝန်တွေဟာ သူတို့ရဲ့လူနာတွေအတွက် အချိန်ပိုပေးလို့ရနိုင်တော့မှာပဲ ဖြစ်ပါတယ်။