Xiaomi smartphone အသစ်ဟာ ယခုဆိုရင် 3C certification (CCC) ရရှိသွားပါပြီ။ CCC ဆိုတာကတော့ တရုတ်ပြည်တွင်းဈေးကွက်ကို တင်သွင်းတဲ့ (သို့) ဈေးကွက်ထဲမှာ ရောင်းချတဲ့ ကုန်ပစ္စည်းတွေဟာ သုံးစွဲသူတွေအတွက် အန္တရယ်ကင်းရှင်းနိုင်ဖို့ တင်းကျပ်စွာ စီစစ်ထားတဲ့ သက်သေခံလက်မှတ် အမှတ်အသားတစ်ခုပဲဖြစ်ပါတယ်။ အသစ်ထပ်ထွက်မယ့် new Xiaomi MI CC9 Pro ဖုန်းတွင် အဆိုပါ 3C Certificate တံဆိပ်ပါတဲ့ charger model MDY-11-EF ကိုထည့်သွင်းပေးထားပြီး ၎င်း charger ဟာ 30 W (10V/3A) အသုံးပြုနိုင်မှာပါ။ Xiaomi MI CC9 Pro ဟာ Global ဈေးကွက်ထဲမှာတော့ Xiaomi Mi Note 10 နာမည်နဲ့ ဖြန့်ချီနိုင်ပါတယ်။

 

နည်းပညာတစ်ခေတ်ကို ဦးဆောင်ခဲ့တဲ့ Apple ကို ကြားလိုက်ရရင်ဖြင့် ကျွန်တော်တို့ဟာ (၂၀၁၁ မှာ ကွယ်လွန်ခဲ့တဲ့) Steve Jobs (Steven Paul Jobs) ကို မမြင်ဖူး၊ မတွေ့ဖူးရင်တောင်မှ သူ့နာမည်ကို တပါတည်း တွဲသိကြပါတယ်။


ဒါပေမယ့် Apple ရဲ့ အများနဲ့မတူ တမူထူးခြားတဲ့ ကုန်ပစ္စည်းတွေဖြစ်ပေါ်လာဖို့ နောက်တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့တဲ့သူတွေကိုလည်း ချန်ထားလို့မရပါဘူး။ 1992 ခုနှစ် စက်တင်ဘာလကတည်းက စတင်လို့ Apple ကုမ္ပဏီမှာ အနှစ်သုံးဆယ်တိုင် ကာလရှည်ကြာစွာ လုပ်ဆောင်ခဲ့တဲ့ Chief Design Officer (CDO) Jony Ive ဟာ ၎င်းရဲ့ကိုယ်ပိုင်ကုမ္ပဏီထူထောင်ဖို့ရာ Apple မှ ယခုနှစ်အကုန်ပိုင်းလောက်မှာ ထွက်မယ်လို့ သတင်းတစ်ခုမှာ ဖော်ပြထားပါတယ်။ Ive ဟာ Apple မှ အနားယူမှာဖြစ်ပေမယ့် LoveFrom လို့ အမည်ပေးထားတဲ့ ဒီဇိုင်းကုမ္ပဏီ အနေနဲ့ Apple ရဲ့ အရေးကြီးပရောဂျက်တွေကို ဆောင်ရွက်နေဦးမှာ ဖြစ်ပါတယ်လို့ Apple က ပြောပါတယ်။

2020 ခုနှစ်ကို ဝင်ဝင်ချင်းမှာပဲ Apple ဟာ မျက်နှာပြင်ကိုခေါက်လို့ရတဲ့ foldable iPad ကိုမိတ်ဆက်လိမ့်မယ်ဆိုတဲ့ ကောလဟာလတစ်ခုကို လန်ဒန်အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်များကို ပံ့ပိုးပေးနေတဲ့ ကုမ္ပဏီဖြစ်တဲ့ IHS Markit ရဲ့ လေ့လာဆန်းစစ်သူ Jeff Lin မှ ကောက်ချက်ချထားတယ်လို့ Economic Daily News သတင်းစာမှာ ဖော်ပြထားပါတယ်။ Apple အနေနဲ့ foldable device တွေထုတ်လုပ်ရန်အပေါ် စိတ်ဝင်စားလိမ့်မယ်လို့ အများရဲ့ ထင်မြင်ယူဆချက်တွေ ထွက်နေပေမယ့်လို့ ယခုအကြိမ်ကတော့ ဖြစ်နိုင်ချေအရှိဆုံးပါပဲ။

 

အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုခံထားရတဲ့ကြားထဲက Huawei ဟာ mid-range ဖုန်းအမျိုးအစားဖြစ်တဲ့ Nova 5, Nova 5i နဲ့ Nova 5 Pro အသစ်သုံးမျိုးကို ထပ်ထုတ်လိုက်ပြန်ပါတယ်။

Nova 5 နဲ့ 5 Pro တို့ရဲ့ 6.39 လက်မ OLED display အလယ်တည့်တည့်မှာ မျက်ရည်စက်ပုံစံ notch ကလေးပါဝင်ပါတယ်။ အနောက်ဘက်မှာကတော့ ကင်မရာလေးလုံးပါဝင်ပါတယ်။ (48 MP main lens, 16 MP ultrawide, 2 MP macro နဲ့ 2 MP depth sensor ပါ။ Tear-drop notch မှာကတော့ 32 MP camera ပါဝင်ပါတယ်။

In-display fingerprint sensor, fast charging, USB Type-C နဲ့ နားကြပ်ပေါက်ပါဝင်မှာပါ။

 

တီထွင်ဆန်းသစ်မှုတွေနဲ့ ခေတ်ရှေ့ပြေးတဲ့ တရုတ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Lenovo ဟာ အသံနဲ့ထိန်းချုပ်တဲ့စနစ်ပါဝင်သော Smart Mouse ကို ကြေညာလိုက်ပါတယ်။ အဲ့ဒီ smart mouse ဟာဆိုရင် အသံနဲ့ထိန်းချုပ်ခြင်း၊ ဘာသာပြန်ပေးခြင်းတို့ကို support လုပ်ပါတယ်။ ဈေးနှုန်းကတော့ ကန်ဒေါ်လာ 43 ဝန်းကျင်ပါ။

အဆိုပါ smart mouse မှာ တရုတ်ကုမ္ပဏီအသစ်တစ်ခုဖြစ်တဲ့ Keda Xunfei ရဲ့ စကားပြောသံများအား သိုလှောင်မှတ်မိနိုင်တဲ့နည်းပညာကို အသုံးချထားတယ်လို့ ပြောပါတယ်။ အသုံးပြုသူရဲ့ စကားသံတွေ မှတ်သားထားပြီး အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ပေးခြင်း၊ အသံဖြင့် အမိန့်ပေးကာထိန်းချုပ်နိုင်ခြင်း နဲ့ အခြားသောစနစ်တွေပါဝင်ပါတယ်။ ဘာသာစကားအနေနဲ့ တရုတ် (မန်ဒရင်း၊ စီချွမ်၊ ဟောနန်၊ ကန်တုံ) နှင့် အင်္ဂလိပ်ဘာသာတွေကို အသုံးပြုလို့ရပါတယ်။ ဘာသာပြန်ပေးနိုင်တာတွေကတော့ အင်္ဂလိပ်ဘာသာမှ တရုတ်သို့ ဘာသာပြန်ပေးခြင်း၊ တရုတ်မှ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ဂျာမန်နဲ့ အခြား ၂၆ ဘာသာစကားသို့ ဘာသာပြန်ပေးနိုင်ပါတယ်။


မကြာခင်ရက်ပိုင်းအတွင်း Electronic Entertainment Expo 2019 က လာတော့ပါမယ်။ E3 2019 လို့နာမည်အတိုကောက် ခေါ်ကြတဲ့ပွဲကို Los Angeles Convention Center မှာ (မြန်မာရက်စွဲအရဆိုရင်) 12 June ကနေ 14 June အထိ ကျင်းပမှာပါ။ ကမ္ဘာအရပ်ရပ်က အီလက်ထရောနစ်ကုမ္ပဏီတွေရဲ့ ထူးထူးခြားခြားဆန်းသစ်တီထွင်မှုတွေ၊ ထုတ်ကုန်အသစ်တွေကို ချပြတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ဂိမ်းသမားတွေအတွက် Google ရဲ့ Stadia ထဲမှာပါလာတော့မယ့် ဂိမ်းတွေရဲ့ စာရင်းကို ချပြပေးမှာပဲဖြစ်ပါတယ်။

 

Mobile Phone handset လောကရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့ဖူးတဲ့ Nokia ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ၂၀၀၀ ခုနှစ်ဝန်းကျင်များကာလ၌ လက်ကိုင်ဖုန်းတွေထဲမှာ Nokia နဲ့ Sony Ericsson နာမည်တွေဟာ မြန်မာနိုင်ငံဖုန်းလောကအတွင်း ထိပ်ဆုံးဖုန်းတွေဖြစ်ခဲ့ဖူးပါတယ်။ ခလုတ်ဖုန်းတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ထုတ်လုပ်ခဲ့ပြီး Touch Screen နဲ့ဖုန်းတွေလည်း မော်ဒယ်အများအပြားထွက်ခဲ့ပါတယ်။ Nokia ရဲ့ operating system ဖြစ်တဲ့ Symbian OS ဟာလည်း တမူထူးခြားတဲ့ OS ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် 2010  နောက်ပိုင်း Samsung တို့ Sony Ericsson တို့ဟာ နည်းပညာရေစီးကြောင်းအရ Android OS ကို ပြောင်းလဲသုံးစွဲခဲ့ပေမယ့် Nokia ကတော့ Symbian OS ကိုပဲသုံးကာ ဈေးကွက်မှာ တင်းခံနေခဲ့ပါတယ်။  2013 နှောင်းပိုင်းလောက်ကစလို့ Nokia ဖုန်းသုံးစွဲသူတွေဟာ Nokia ရဲ့ အံချော်နေတဲ့ ဦးတည်ချက်များကြောင့် Symbian အသုံးပြုသူ အလွန်နည်းလာပြီး ရှယ်ယာဈေးကွက်ဟာလည်း ကျဆင်းခဲ့ပါတယ်။


ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး တယ်လီကွန်းကုမ္ပဏီဖြစ်တဲ့ ဟွဝေ ("ဝေ ဝေ" လို့လည်း အသံထွက်နိုင်တယ်လို့ ပြောတာကိုတွေ့ဖူးပါတယ်) Huawei ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က  စီးပွားရေးအရ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ပြီးခဲ့တဲ့အပတ်ကစတင်ပြီး ကြားမိကြမှာပါ။ မြန်မာနိုင်ငံရဲ့ တယ်လီကွန်းလောကမှာ Huawei က ထိပ်ဆုံးကနေ service ပေးနေသလိုပဲ မြန်မာနိုင်ငံရဲ့ Android ဖုန်းလောကမှာလည်း ဈေးချိုချိုနဲ့ ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် Huawei handset တွေဟာ မြန်မာနိုင်ငံမှာ အရောင်းအသွက်ဆုံး handset တွေလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Huawei အပေါ် ကုန်သွယ်ခွင့်ပိတ်ပင်လိုက်တဲ့အတွက်ကြောင့် မေလ ၁၉ ရက်နေ့မှာ Google မှ Android အသုံးပြုခွင့်လိုင်စင်တွေရောင်းချခြင်း ရပ်စဲလိုက်တဲ့အချိန်မှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပါတယ်။


မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲကြသူတိုင်းနီးပါးသိကြတဲ့ Xiaomi ကုမ္ပဏီက ဖုန်းအသစ်ဖြစ်တဲ့ Xiaomi Mi CC9 series ကို မနေ့က (2 July 2019) တရုတ်နိုင်ငံမှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ CC9 series မှာ CC9, CC9e နဲ့ CC9e Meitu Custom Edition တို့ပါဝင်ပါတယ်။

 

Huawei ပြီးတော့ DJI များဖြစ်နေမလား
=====


အထင်ကရ အမေရိကန်ရုပ်သံကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CNN က သတင်းတစ်ခုအရ အမေရိကန် Homeland Security Department ဟာ တရုတ်လုပ် drone တွေရဲ့ အန္တရာယ်ကို သတိပေးပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒီသတိပေးနှိုးဆော်ချက်ဟာ အဓိကအားဖြင့် အမေရိကန်မြောက်ဘက်ပိုင်းမှာ အသုံးများနေကြတဲ့ တရုတ်နိုင်ငံ ရှန်ကျန်းမှာ အခြေတည်ထားတဲ့ DJI ဆိုတဲ့ drone တွေကို ရည်ရွယ်နေတယ်လို့ သုံးသပ်ကြပါတယ်။ အပျော်သုံး drone တွေဟာ ၎င်းတို့ရဲ့ ပျံသန်းမှုအချက်အလက်တွေကို တရုတ်မှာရှိတဲ့ headquarter တွေကို အလိုအလျောက်ပေးပို့ပြီး တရုတ်အစိုးရမှ အခါအားလျော်စွာ ကြည့်ရှုနိုင်ခွင့်တွေလည်း ရှိတယ်လို့ဆိုပါတယ်။