မင်္ဂလာပါ

ကျွန်တော်တို့ Taungoo.Net Website ကစာတွေကို (အဓိကအားဖြင့်) နည်းပညာဆိုင်ရာ ဆောင်းပါးတွေကို မြန်မာလို အဆင်ပြေပြေနဲ့ ဖတ်နိုင်စေဖို့ စတင်ရေးသားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ အခြား သုတ/ရသ ဆောင်းပါးတွေ၊ ကဗျာတွေ၊ တောင်ငူဆိုင်ရာဆောင်းပါးတွေ၊ မှတ်တမ်းတင်ဓာတ်ပုံတွေ၊ အတ္ထုပတ္တိတွေကို အတတ်နိုင်ဆုံး စုဆောင်းသွားမှာပါ။

နောက် Phase တစ်ခုမှာတော့ တောင်ငူမြို့နှင့် အခြားသောအနီးအနားကမြို့တွေရဲ့ အရေးကြီးနေရာတွေ၊ ရုံးတွေ၊ ကုမ္ပဏီတွေ၊ ဆိုင်တွေ၊ ဝန်ဆောင်မှုတွေကို စုစည်းသွားဖို့ ရည်ရွယ်ထားပါတယ်။

တောင်ငူနဲ့ပတ်သက်လို့ စုံနိုင်အောင်လို့တော့ ရည်ရွယ်ထားပါတယ်။

 

ကိုးကား

1. Taungoo City Blog

၂၀၀၈ ခုနှစ် သုံးလပိုင်းလောက်က ကျွန်တော်တို့ သူငယ်ချင်းမိတ်ဆွေတစ်စုဟာ တောင်ငူရှိ Snack Bar တစ်ခုမှာ စားသောက်ရင်းနဲ့ ကျွန်တော်တို့ရဲ့ တောင်ငူမြို့အတွက် Website တစ်ခုလုပ်ဖို့ စတင်ခဲ့ကြပါတယ်။ အကြောင်းကြောင်းကြောင့် မစတင်နိုင်ခဲ့ပေမယ့် Taungoo City ဆိုတဲ့ Blog တစ်ခုကိုတော့ သန္ဓေတည်နိုင်ခဲ့ပါတယ်။ ၂၀၀၈ ဆိုတော့ Blog တွေ ခေတ်စားနေတဲ့အချိန်ပဲ ဖြစ်ပါတယ်။ အဲ့ဒီ Blog ထဲက ပြန်လည်တင်ပြသင့်တဲ့ ကဗျာတွေ၊ စာတွေကို ယခု Taungoo.Net မှာ စုစည်းမှာပဲ ဖြစ်ပါတယ်။

 

2. ရွှေပြည်တောင်ငူ - မဂ္ဂဇင်း

တောင်ငူမြို့ရဲ့ မြို့တည်နန်းတည် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်ထုတ်ဝေခဲ့တဲ့ “ရွှေပြည်တောင်ငူ” မဂ္ဂဇင်းဟာဆိုရင်ဖြင့် အတ္ထုပတ္တိတွေ၊ သမိုင်းနောက်ခံတွေ၊ တောင်ငူအသင်းအဖွဲ့တွေအကြောင်း စုံလင်လှပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် သမိုင်းတွေကို မပြုစုနိုင်လို့ ရွှေပြည်တောင်ငူ မဂ္ဂဇင်းထဲကနေ ပြန်လည်ကူးယူပြီး စုစည်းပေးထားမှာပဲဖြစ်ပါတယ်။ ဒီလို စုစည်းမှုနဲ့ ပတ်သက်လို့ ကာယကံရှင်မှ ဖျက်ပေးစေလိုသည်ဟု တောင်းဆိုလိုပါလျှင် This email address is being protected from spambots. You need JavaScript enabled to view it. ကို email ပို့ပြီး တောင်းဆိုလိုပါတယ်ခင်ဗျာ။

 

3. Internet

အင်တာနက်အတွင်းမှ သတင်းများ၊ ဆောင်းပါးများကို ဘာသာပြန်စုစည်းပေးထားခြင်းဖြစ်ပါတယ်။

 


"Contact Us" for advertisement or feedback

Contact Form
မေးမြန်း၊ အကြံပေး၊ ကြော်ငြာထည့်သွင်းလိုပါက ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ
နာမည်
အီးမေးလ်ရှိပါက အကြောင်းပြန်နိုင်ရန် ထည့်သွင်းပေးပါ
အကြောင်းပြန်နိုင်ရန် ထည့်သွင်းပေးပါ
အကြောင်းအရာ အပြည့်အစုံ ရေးသားပေးရန်