ကျွန်တော်အခုတစ်လော မစိမ်းလန်းဘူး
ကျွန်တော်ဖြစ်ချင်တာက သူ့နဲ့နှစ်ကိုယ့်တစ်စိတ်....
သူ့ဘက်က ပြန်လာတာက
နှစ် အချိုး တစ်.... .... ...

ကျွန်တော်ရယ်၊ သူစိမ်းတစ်ယောက်ရယ်

သူ့ဘက်က ကစားတယ် ...
ကျွန်တော့်ဘက်ကပဲ ဇာတ်နာပေးရမလား၊
သေဆိုသေ၊ ရှင်ဆိုရှင် ၊
ကျွန်တော့်ကို သူက အစိုးရတယ်.... .... ....

ကျွန်တော်ချစ်တာက ကျွန်တော့်ကိုလှော်ခတ်သွားတဲ့
သူ့ရဲ့ ရေမွှေးနံ့လေးပါ....
ကျွန်တော့်ဘက်က ဘယ်တော့မဆို
အလံဖြူလေး တလွင့်လွင့်နဲ့ပေါ့လေ.... .... ...

သေမယ်ဆို သေလို့ရတယ်
သူ့အကြောင်းက ဗိုင်းရပ်လို
တွယ်ကပ်ငြိ ကျွန်တော့်နှလုံးသားကို စားသောက်
စီးဆင်းနေတဲ့မူးမြစ်ကြီးထဲ ကျွန်တော်ခေါင်းမဖေါ်နိုင်အား.... .... ....

 

===

Author : yoyar

Date : 1 July 2008

Source : Taungoo City Blog