မျက်နှာသစ်နေတဲ့ နံနက်ခင်းက
နေရောင်ခြည်ကို လိုအပ်နေသလိုမျိုး
ကျွန်တော့်နံဘေးမှာ သူ မရှိတော့
ပြုံးနေရတဲ့ အပြုံးက မျက်နှာခပ်ငယ်ငယ်ရယ်.... .... .....

ဇာတ်လမ်းအစမှာ.... တစ်ယောက်နဲ့ တစ်ယောက်

ခလုတ်တိုက်တာလောက်တောင်မှပဲ မနာကျင်ခဲ့ဖူးဘူး ....
နေပူပူကြီးထဲ လေပြင်းတွေ ဖွာလန်ကျဲလို့
အခုတော့ ..... ကျွန်တော့်နှလုံးသားလေး
အဖျားသွေးတွေတက်လို့ရယ် ..... ..... .....

သူ့ဘက်က ဖုန်းလိုင်းဖြတ်ထားတယ် ၊
ကျွန်တော့်အကြောင်း အတင်းပြောတယ် ၊
ရွေးရခက်တဲ့လမ်းက ကျွန်တော့်ဘက်မှာ
ရေပေါ်ထွက်ပြေးမလား ၊ လေပေါ်ထွက်ပြေးရမလားနဲ့ရယ် ..... ..... .....

ကနေတဲ့ဇာတ်က အလွမ်းဇာတ်
ကျွန်တော့်ဘက်က ထာဝရအဆွေးမင်းသား....
ခေါင်းမော့ ၊ ရင်ကော့ ၊ လက်မ ထောင် ၊ နှုတ်ခမ်းမဲ့ ၊ မျက်စောင်းထိုးပြီး
သူ့ဘက်အခန်းမှာ အော်စကာတွေအပြည့်နဲ့ရယ် ..... ..... ...... ။

 

===

Author : yoyar

Date : 31 May 2008

Source : Taungoo City Blog