ပင်စင်ရကဗျာဆရာ
*************
ကဗျာဉာဏ်လား ငါ့မှာတုံးနေတာကြာပါပကောကွယ်။
ကလောင်သွေးဖို့ထက် အစာဝင်ရေးက
ဘေးကသွေးထိုးဆော်
ငါ့အိမ်မက်လေးတွေ ပိန်တချည်၊ ပြားတလှည့်ပေါ့။
မှင်တုံးဖျော် ဆေးမင်ခွက်လည်း
ပတ်လည်ပိန်ချိုင့်
တိမ်ဟိုက်လို့နေပေါ့။
ကဗျာဉာဉ်လား ငါ့ရင်မှာစီးဆင်း
ငါ့လည်ပင်းထက်က သွေးကြောတွေလို
ဖုထစ်နေခဲ့တယ်။
ဒါပေမယ့် ဝမ်းရေး
ပုံမှန်လွေးရအောင် နေရောင်ပူအောက် လျှောက်ရဦးမယ်
.... “ဟောဒီက ရေသန့်ဗူးခွံတွေ ဝယ်တယ်ဗျို့” ....
*********
တြေးသြရာ
===
Author : စည်သူ
Date : 27 May 2008
Source : Taungoo City Blog