နှမတော်ဓါတု
ချစ်စိတ်ဆိုတာ အတိတ်ရဲ့ရေစက်
ကိုယ်ဖန်တီးပေမယ့် ကိုယ်ရဲ့လုပ်ရပ်
ကိုယ့်ဘဝနဲ့ ကိုယ့်နှလုံးသား
ချစ်ခြင်းဆိုတာ သက်သေထား

 


နှမတော်ကိုလွှမ်းစိတ်
အိပ်မက်ဆက်နေတယ်ဆို ယုံမှာလား
မနက်ဆိုလွှမ်း နေ့ပျက်တွေကျော်ဖျက်
ညနေနဲ့ ညဉ့်နက်
သန်းခေါင်ကျော်မိုးသောက်အောင်
ကော်နက်ရှင်စောင့်ရင်း လင်းခဲ့တဲ့အချိန်တွေ
အမ်ပီတီကိုသက်သေပြုရင်း
လွမ်းစိတ်နဲ့ သေလောက်ရဲ့

နှမတော်ကိုလွမ်းစိတ်
တွေ့လိုက်ရင် မမေ့နိုင်တဲ့စကားတွေနဲ့
လွမ်းတာတွေစာစီကုံး ချက်တင်နဲ့ဲပြုံးလိုက်မယ်
အားခဲကာစောင့်လဲ သက်ထားရယ်
နိမ့်တုံမြင့်တုံ အီးပီစီရဲ့
လောကဓံက မောင့်ကိုဘယ်လိုငြိုးပါလိမ့်
တွေ့တာနဲ့ကွဲ ဟလိုနဲ့ကျေနပ်
အလွမ်းကိုဘယ်လိုဆက်ရ

မော်ဒန်ဓါတုနဲ့ နတ်သျှင်နောင်
အွန်လိုင်းနဲ့ချက် ဗွိုက်(စ)နဲံဆက်
လွမ်းစိတ်ဖြေမယ် မောင်တော်စိတ်ကူး
ရူးရပြီနှမ
အိပ်မက်ဆန်တဲ့စိတ်ကူး ဂိုဂဲတောင်ရူးတဲ့
မောင့်ရဲ့ကော်နတ်ရှင်ကို
ကျူးဗစ်နဲ့ဆိုက်ဘာ
အိုက်အီယာတွေ ဝေဆာဖြိုးလဲ ကိုယ်ကျိုးနဲဆဲပါ
မောင်တော်သစ္စာဆိုပါရဲ့
အေဒီအက်စ်အယ် ဖိုက်ဝမ်းတူးအစစ်ပါနှမတော်

လွမ်းစိတ်ကိုဘယ်လိုဖြေပါ့
နှမတော်နဲ့မောင်ကြီး ပုံရိပ်တွေပို့ဆပ်လို့
ဂျေပက်လေးနဲ့ဖြေသိပ်ချင်တောင်
ပီပီပြင်ပြင် ဟန်ဒြတ်မကျော်ရဲ
ဆယ်ကီလို မှုန်ဝါးလေးနဲ့ မြိုသိပ်ခါကျေနပ်ပါနှမ
မောင်တော့်လိုအဖြစ်ဆိုး အိပ်ပျက်မှာစိုးလှတယ်နှမတော်

မောင်တော့်သစ္စာ ဟိုရင်ဘဝ
အသားထဲကလောက်ဆိုတာ အထင်ကြီးလို့တဲ့
နှမတော်နှလုံးသား အပြုံးပဲနားခိုပါစေ
မောင်တော်ဟာ တခါကဘုရင်
မောင်တော်ဟာ တခါကခေါင်းဆောင်
မတက်ရင်ဆရာခေါ်တာ မောင်တော်မှားတယ်ထား
ရာဇဝင်ကို မညိုငြင်ပါဘူး
နူးညံ့တဲ့နှလုံးသား သက်သေဆိုတာပါးပေမယ့်
နှလုံးသားဆိုတာ လူတိုင်းမှာတခုထဲပါနှမတော်

ဒီဘဝသစ္စာ
အရင်က ခုနစ်လနဲ့ ကျေနပ်နိုင်ဘူးသမိုင်းဆရာရယ်
ကိုယ်တော်သာကံပေး
ကော်နက်ရှင်ဖြိုး စည်းစိမ်တိုးလို့
အီးနိုင်ငံတော် အမျိုးဂုဏ်မြောက်ရင်
နှစ်ခုနှစ်ဆယ် ယုံအောင်ကဲပြမယ်
လွမ်းဘွဲ့တွေ စိတ်ကုန်စေသား
နှမတော်

နတ်သျှင်နောင်

 

===

 

Author : nesshinnaung

Date : 16 May 2008

Source : Taungoo City Blog