ကျွန်တော့်ကိုယ်ပေါ်ရွာချလိုက်တဲ့ မိုးအေးလေးဖွဲဖွဲထက်
ကျွန်တော်အခု ဆာလောင်နေတာ
ညီမလေးရဲ့ နှုတ်ခမ်းနီရာလေးတွေပါ ... ... ...

ညီမလေးက ကျွန်တော့်အတွက်
အာဒမ်ခေတ်က ပန်းသီးတစ်လုံး ... ... ...

ညီမလေးရဲ့ ပျော်ရွင်မှုတွေအတွက်
အရာရာမှာ ကျွန်တော်က အလွယ်တကူပျော်ဝင်ပြီးသားပဲ ... ... ...

မေတ္တာတရားကို ရေဆာသလိုဆာလောင်နေတော့
ညီမလေးနဲ့ ကျွန်တော့်ကြား နှုတ်ခမ်းနီရာလေးတွေက
ပေါင်းကူးတံတားလေး ဖြစ်ခဲ့ပြီပေါ့ ... ... ...

ညီမလေးတို့အရွယ်က
အချစ်တစ်ခုကို ခေါင်းစဉ်တစ်ခုစီတပ်နေတဲ့အရွယ် ...
အရှုံးကို ခပ်တင်းတင်းမော့ကြည့်ရဲတဲ့အရွယ် ...
အရာရာကို ပုံအောရမှာကိုတော့ တွန့်ဆုတ်တက်တဲ့အရွယ် ...

မကျေနပ်ချက်တွေကိုစု ... ... ပြီးတော့
ရောက်ရာအရပ်မှာ မိုးသားတွေလိုငွေ့ရည်ဖွဲ့ပြီး
ရွာချပစ်လိုက်ချင်တယ် ... ... ... ... ...

ပိုးကိုက်ထားတဲ့ ပန်းသီးလေးတစ်ခြမ်းလို
ကျွန်တော့်ဘဝက ကြွေကျလိုက်ဖို့ အသင့် ... ... ...
ရွာနေတဲ့ မိုးဖွဲလေးရယ် ...
ကျွန်တော့်ရင်ဘတ်ပေါ်က နှုတ်ခမ်းနီရာလေးကို
မစိုပါစေနဲ့ ... ... ... ... ... ... ... ... ... ... ... ... ။

 

===

Author : yoyar

Date : 10 April 2008

Source : Taungoo City Blog