သမိုင်းကိုကြည့်
တောင်ငူဆိုတာ ရဲရင့်မှုအပြည့်နဲ့
သူရဲကောင်းတို့ရဲ့စံ
ဘုရင့်နောင်ဖောင်ဖျက်ဆိုတာ
ဒို့တောင်ငူသားတွေရဲ့ မာန်ပါ

ရတုမှာဘုရင်
စစ်တိုက်ရင်းလွမ်းခဲ့တဲ့
အရှင်နတ်သျှင်နောင်ဆိုတာလဲ
ဒို့တောင်ငူရဲ့ တံဆိပ်ပဲပေါ့

ဂိုဂဲအက်ရဲ့ပုံရိပ်
လေးထောင်စပ်စပ်မြို့ကျုံးရိပ်က
တောင်ငူ့သမိုင်းကို ထင်ပြနေသလို့ပဲ

တောင်ငူသားဆိုတာ
ဓါးထက်ပေမယ့် အရမ်းချစ်တတ်ကြတယ်ဆိုတာ
သမိုင်းကိုသက်သေပြုပေမယ့်
လက်တွေ့မှာလည်း ယုယတတ်ကြတယ်

တထောက်နားရင်း လျှောက်သွားရင်းနဲ့
အပန်းဖြေတဲ့နေရာ အလွမ်းဝေတဲ့နေရာ
တန်ခိုးကြီးတဲ့ဘုရားတွေနဲ့ သမိုင်းဝင်နေရာစုံကို
ယုံအောင်မကြွားတော့ဘူး
အရောက်သာလှမ်းခဲ့ပါ သူငယ်ချင်း

 

===

Author : nesshinnaung

Date : 4 April 2008

Source : Taungoo City Blog