ကြွေရွက်ပြီးလျှင်၊ ပန်းသစ်ပင်လည်း၊

မင်းလွင်လေနှင့်၊ နုတ်ထည့်လင့်သို့၊

ရင့်သည်ကားလဲ၊ ဆံကွဲညွန့်ကိုက်၊

နွေသို့လိုက်၍၊ ကျွမ်းကိုက်ခါသင့်၊

ဆင့်လတော့မည်၊ မြင်လသည်ကြောင့်၊

ရွှေပြည်တောင်ငူ၊ နန်းမြင့်သူကို၊

တယူဆိုတမ်း၊ မေတ္တာမွှမ်း၍၊

စစ်လမ်းမြေတာ၊ ချီလေရာဝယ်၊

နီလာရိုးရဲ၊ ရွှေခဲတချို့၊

ညို့ညို့လူလူ၊ အူရရူလျှင်၊

မဉ္ဖူပွင့်လုံး၊ ပွင့်ရောင်ဖုံးသည်။

တောလုံးလွမ်းဘွယ် မြင်လတည်း။

 

-- နတ်သျှင်နောင်

ကုလားပဲ ထိုင်ထိုင်
ဗမာပဲ ထိုင်ထိုင်
ကုလားထိုင်ကတော့
ကုလားထိုင်ပါပဲ .........။ ။

ကျွန်တော်အခုတစ်လော မစိမ်းလန်းဘူး
ကျွန်တော်ဖြစ်ချင်တာက သူ့နဲ့နှစ်ကိုယ့်တစ်စိတ်....
သူ့ဘက်က ပြန်လာတာက
နှစ် အချိုး တစ်.... .... ...

ကျွန်တော်ရယ်၊ သူစိမ်းတစ်ယောက်ရယ်

အမှတ်တမဲ့မို့
မင်းရဲ့ ရုတ်တရက် ထိုးနှက်မှုဟာ
အားနည်းချက်တွေရဲ့ ကြားထဲကို
တိတ်တဆိတ်နဲ့ အရောက်....´

အဲ့ဒါ...

ဤတိုင်းပြည်မှာ၊ သင်နေပါ၏။
ဤလေကိုသာ၊ သင်ရှူပါ၏။
ဤရေကိုသာ၊ သင်သောက်ပါ၏။

ဤလူတွေသာ၊ ကြာရှည်ကြာညောင်း
အချိန်ပြောင်းလည်း၊ သင်ပေါင်းပါ၏။

မင်း ရိုးတယ်လို့ မဆိုလိုဘူး….
ဝံပုလွေလုပ်ရမယ်လို့လည်း မပြောလိုပါဘူး…
မင်းကောင်းမလေးက သိပ်ချစ်တတ်တယ်တဲ့လား….
မင်းပီတီတွေမှာ သွေးတစ်စက်တော့ မစွန်းစေချင်ဘူး….

နောက်ကွယ်မှာ

ဒို့ရှေ့ကသွား၊ ပုဂ္ဂိုလ်များသည်
စွန့်စားအားထုတ်၊ တလှုပ်လှုပ်ဖြင့်
ကြိုးကုတ်တည်ထောင်၊ ဤလူ့ဘောင်တွင်
သုံးဆောင်ပစ္စည်း၊ အနည်းနည်းတွေ
အထွေထွေသော၊ စာပေကျမ်းဂန်

လိုသမျှရနေတဲ့
ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဆိုင်လေးကနေ အထွက်
သူ့ကို ကျွန်တော် တွေ့ခဲ့ရတယ်...
ဦးချစ်ဆီမှာ လက်ဖက်ရည် မသောက်ချင်တော့ဘူး၊
သစ်ပုတ်ပင်မှာ သီချင်းမဆိုချင်တော့ဘူး၊

ဖြူလျော့လျော့ ကမ္ဘာကြီးထဲ
ငါ့ရင်နဲ့ ရင်းခဲ့တဲ့ အနှစ်ချုပ်ဟာ
အပေါစားပျက်လုံး တစ်ခုအဖြစ်
ကောက်နုတ်ခံခဲ့ရတယ် .......
မင်းအနားမှာ နေချင်သေးလို့

မျက်နှာသစ်နေတဲ့ နံနက်ခင်းက
နေရောင်ခြည်ကို လိုအပ်နေသလိုမျိုး
ကျွန်တော့်နံဘေးမှာ သူ မရှိတော့
ပြုံးနေရတဲ့ အပြုံးက မျက်နှာခပ်ငယ်ငယ်ရယ်.... .... .....

ဇာတ်လမ်းအစမှာ.... တစ်ယောက်နဲ့ တစ်ယောက်