အကောင်းမြင်ဝါဒီသမားဟာ ဥမင်လှိုင်ခေါင်းရဲ့ အဆုံးမှာ အလင်းရောင်ကို မြင်တယ်။ ဒါဟာ ထွက်ပေါက် ဖြစ်မယ်လို့ အကောင်းမြင်တဲ့စိတ်နဲ့ တွေးလိုက်တယ်။

အဆိုးမြင်ဝါဒီသမားဟာ ဥမင်လှိုင်ခေါင်းရဲ့ အဆုံးမှာ အလင်းရောင်ကို မြင်တယ်။ ဒါဟာ ရထားတစ်စီး တဟုန်ထိုးလာနေတာ ဖြစ်မယ်လို့ အဆိုးမြင်တဲ့စိတ်နဲ့ တွေးလိုက်တယ်။

ရထားမောင်းတဲ့သူကတော့ အရူးနှစ်ကောင် ရထားသံလမ်းပေါ်မှာ ယိမ်းထိုးရင်း လျှောက်နေတာကိုမြင်တယ်။

စပိန်နိုင်ငံရဲ့ မြို့တစ်မြို့မှာ နွားရိုင်းသတ်ပွဲပြီးတာနဲ့ မြို့တော်ဝန်ကို နွားရိုင်းရဲ့ဖိုက်တင်းဘောကို အမျိုးမျိုးချက်ပြုတ်ပြီး ဧည့်ခံလေ့ရှိပါတယ်။

တစ်နေ့မှာလည်း ထုံးစံအစဉ်အလာအတိုင်းဧည့်ခံပြီးတဲ့နောက် -

မြို့တော်ဝန် ။ ။ စားလို့တော့ အကောင်းသားပဲ ... ဒါပေမယ့် ဒီနေ့ ဖိုက်တင်းဘောက သေးတယ်နော် ...

စားဖိုမှူး ။ ။ ဟုတ်ကဲ့ ... ဒီနေ့က နွားရိုင်းနိုင်သွားလို့ပါခင်ဗျ ...

ဖခင်ဖြစ်သူဟာ မုသားဖော်စက်တစ်လုံးဝယ်လာပြီး အိမ်တွင် တပ်ဆင်ထားလေသည်။ မုသားဖော်စက်က လိမ်ညာတဲ့စကားပြောတဲ့အခါ အသံမြည်တဲ့စက်တစ်လုံးပါ။

ညနေမှာ သားတော်မောင် ကျောင်းက ပြန်ရောက်လာလေသည်။

ဖခင် ။ ။ သား မင်းဒီနေ့ ကျောင်းတက်တယ်ပေါ့

သား ။ ။ ဟုတ်တယ် အဖေ

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။

သား (ထိတ်လန့်သွားကာ) ။ ။ အဲ ... မဟုတ်ဘူး အဖေ ... သား ဒီနေ့ ကျောင်းပြေးပြီးတော့ ရုပ်ရှင်ရုံ သွားတာ ...

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။

သား (ချွေးပျံလာကာ) ။ ။ ဟို ... အဲ ... ဟိုဒင်းလေ ... သား ... သူငယ်ချင်းတွေ ခေါ်လို့ ဘီယာ သွားသောက်တာ ...

ဖခင် (ဒေါသထွက်သွားပြီး) ။ ။ ဘာ ! ဘီယာ ... ဟုတ်လား ... ငါ့တုန်းက မင်းအရွယ်မှာ ဘီယာ၊ အရက်မပြောနဲ့ ထန်းရည်တောင် သောက်တာမဟုတ်ဘူး ...

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။

သားအဖ နှစ်ဦးသား ပြောနေတဲ့ စကားတွေကို နားစွင့်နေတဲ့ အမေဖြစ်သူကလည်း မီးဖိုချောင်ထဲမှ ထွက်လာ၍ ရယ်မောကာ ...

မိခင် ။ ။ ဟင်း ဟင်း ဟင်း ... တွေ့လား ... ရှင့်စက်က မဟုတ်တာတွေကို လှမ်းသတိပေးနေတာ ... ရှင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်လို့ ရှင့်သားလည်း သောက်တတ်နေတာ ...

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။

မေမေ ။ ။ သားပက်ထရစ်၊ ဒီနေ့ ကျောင်းမှာဘယ်လိုလဲ၊ ပျော်စရာကောင်းရဲ့လား ?

သား ။ ။ သိပ်ပျော်စရာကောင်းတာပေါ့ မေမေ .. ဒီနေ့ ကျောင်းမှာ သားတို့တွေ ဖောက်ခွဲရေး သင်ခန်းစာတွေ လက်တွေ့လုပ်ကြရတယ် ... ရုပ်ရှင်ထဲက အတိုင်းပဲ ...

မေမေ ။ ။ ဟယ် ... ဟုတ်လား ... သားတို့ ပျော်ခဲ့ကြတယ်ပေါ့ ... ဒါဆို မနက်ဖြန်ရော ကျောင်းမှာ ဘာတွေလုပ်ကြဦးမလဲ ?

သား ။ ။ ကျောင်း ? ဘယ်ကျောင်းကိုပြောတာလဲ ... အခုကျောင်းကတော့ ....

သား ။ ။ လေတွေက ဘယ်ကနေ ဖြစ်လာတာလဲ ဖေဖေ ?

အဖေ ။ ။ မသိဘူး သား ...

သား ။ ။ ဘာဖြစ်လို့ ခွေးတွေက ဟောင်ကြတာလဲ ဖေဖေ ?

အဖေ ။ ။ မသိဘူး သား ...

သား ။ ။ ဘာဖြစ်လို့ ကမ္ဘာကြီးက လုံးဝန်းနေတာလဲ ဖေဖေ ?

အဖေ ။ ။ မသိဘူး သား ...

သား ။ ။ (ခဏတွေဝေသွားပြီး) သား မေးခွန်းတွေ မေးနေတာ ဖေဖေ အနှောက်အယှက်များ ဖြစ်နေလား ?

အဖေ ။ ။ (သားကို ပြုံး၍ကြည့်ကာ) မဖြစ်ပါဘူး သား ... မေးခွန်းတွေ များများမေးမှ သား နောင်တစ်ချိန်မှာ အသိပညာ ကြွယ်ဝလာမှာလေ ... မေးသာမေး ...

ခရီးသွားလူတစ်ဦးဟာ စိုက်ပျိုးရေးခြံတစ်ခြံနားရောက်လာတယ်။ ခြံထဲမှာ ခြံစည်းရိုးပြင်နေတဲ့ ဦးလေးအရွယ် လူတစ်ယောက်ကိုတွေ့တော့ အနားသွားပြီး မေးလိုက်တယ်။

ခရီးသွား ။ ။ ဦးလေး ... တဆိတ်လောက်ဗျာ ... ကျွန်တော် ဟော့ဒီခြံထဲက ဖြတ်ကူးသွားရင် ဘူတာရုံကို ရောက်နိုင်လားခင်ဗျ ... ကျွန်တော် လေးခွဲရထားကို မှီချင်လို့ပါ ...

ဦးလေး ။ ။ ရတာပေါ့ ငါ့တူရ ... တကယ်လို့ ငါ့နွားသိုးလေးသာ မင်းကိုမြင်ကြည့် ... လေးနာရီမထိုးခင်တောင် ဘူတာကိုရောက်သွားဦးမယ် ...

စားသုံးသူ ။ ။ ဟေ့ စားပွဲထိုး ... လာစမ်း ... မင်းတို့ဆိုင်က ဘာလဲကွ ... ဟော့ဒီ ဘဲသားဟင်းက သိုးနေတယ် ... ငါ မစားနိုင်ဘူး ... မင်းမန်နေဂျာ ခေါ်ခဲ့စမ်း ...

စားပွဲထိုး ။ ။ ခေါ်လဲ အပိုပါပဲဆရာ ... သူလည်း စားနိုင်မှာ မဟုတ်ပါဘူး ...