ဖခင်ဖြစ်သူဟာ မုသားဖော်စက်တစ်လုံးဝယ်လာပြီး အိမ်တွင် တပ်ဆင်ထားလေသည်။ မုသားဖော်စက်က လိမ်ညာတဲ့စကားပြောတဲ့အခါ အသံမြည်တဲ့စက်တစ်လုံးပါ။

ညနေမှာ သားတော်မောင် ကျောင်းက ပြန်ရောက်လာလေသည်။

ဖခင် ။ ။ သား မင်းဒီနေ့ ကျောင်းတက်တယ်ပေါ့

သား ။ ။ ဟုတ်တယ် အဖေ

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။

သား (ထိတ်လန့်သွားကာ) ။ ။ အဲ ... မဟုတ်ဘူး အဖေ ... သား ဒီနေ့ ကျောင်းပြေးပြီးတော့ ရုပ်ရှင်ရုံ သွားတာ ...

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။

သား (ချွေးပျံလာကာ) ။ ။ ဟို ... အဲ ... ဟိုဒင်းလေ ... သား ... သူငယ်ချင်းတွေ ခေါ်လို့ ဘီယာ သွားသောက်တာ ...

ဖခင် (ဒေါသထွက်သွားပြီး) ။ ။ ဘာ ! ဘီယာ ... ဟုတ်လား ... ငါ့တုန်းက မင်းအရွယ်မှာ ဘီယာ၊ အရက်မပြောနဲ့ ထန်းရည်တောင် သောက်တာမဟုတ်ဘူး ...

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။

သားအဖ နှစ်ဦးသား ပြောနေတဲ့ စကားတွေကို နားစွင့်နေတဲ့ အမေဖြစ်သူကလည်း မီးဖိုချောင်ထဲမှ ထွက်လာ၍ ရယ်မောကာ ...

မိခင် ။ ။ ဟင်း ဟင်း ဟင်း ... တွေ့လား ... ရှင့်စက်က မဟုတ်တာတွေကို လှမ်းသတိပေးနေတာ ... ရှင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သောက်တတ်လို့ ရှင့်သားလည်း သောက်တတ်နေတာ ...

မုသားဖော်စက်က “တီ တီ” မြည်လာလေသည်။